|
စာပဒေသာ -
ဆောင်းပၝးစုံ
|
|
“ကင်ဆာရိုဝီဝါ” လို မဖြစ်ရအောင် သတိပြုကြ
ငြိမ်းဝေ စက်တင်ဘာ ၃၀၊ ၂၀၁၁
 ဧရာဝတီမြစ်ဆုံ ရေကာတာတည်ဆောက်မှုကို ကန့်ကွက်ကြတဲ့တချိန်ထဲမှာ လက်ရှိကြံ့ဖွံ့အစိုးရ တာဝန်ရှိဝန်ကြီးတပါးက ရေကာတာ တည်ဆောက်မှု ကန့်ကွက်ကြသူတွေအပေါ် ရည်ညွှန်းပြောဆိုတဲ့စကားကိုကြားတော့ ကျနော် တော်တော်လေး စိတ်ပူလာမိပါတယ်။ အား လုံးသိကြတဲ့အတိုင်း အဲဒီပုဂ္ဂိုလ်သုံးနှုန်းပြောဆိုသွားတဲ့စကားက တိုင်းပြည်တခုရဲ့ တာဝန်ရှိလူကြီးတဦးပြောတဲ့လေသံမျိုး အသုံးအနှုန်းမျိုး မဟုတ်ဘူးဆိုတာ။ သူ ဒီလို ဘာပြုလို့ပြောလိုက်တာလည်း။ သူ ဒီလောက်အထိ နိမ့်နိမ့်ကျကျ ပက်ပက်စက်စက်ပြောထွက်ရဲတာ ဘာ့ ကြောင့်လည်း။ ဒီအချက်ကိုတွေးမိတဲ့အခါ အထက်ကပြောခဲ့သလိုပဲ ကျနော် တော်တော်လေးစိတ်ပူလာရတယ်ဆိုပါတော့။ မြစ်ဆုံရေကာတာတည်ဆောက်နေတာဟာ ကျနော်တို့ရဲ့ သွေးချင်းများစံပျော်ရာ ကချင်ပြည်နယ်ထဲမှာပါ။ အခု အဲဒီရေကာတာတည် ဆောက်မှုဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဖြစ်စေတယ်။ အထူးသဖြင့် ဧရာဝတီမြစ်ကြီးကို ဖျက်ဆီးပစ်သလို ဖြစ်လိမ့်မယ်ဆိုပြီး အချက် နဲ့ အလက်နဲ့ ကိုးကားတင်ပြကန့်ကွက်ကြတာက တပိုင်း၊ ဒေသခံလူမျိုးစုတွေရဲ့ သဘောဆန္ဒကို ယူသင့်တယ်ဆိုတဲ့အပိုင်းက တပိုင်း။ ဒီလို အပိုင်းလိုက်စဉ်းစားတဲ့အခါ ဟိုးလွန်ခဲ့တဲ့ (၁၅) နှစ်လောက်က အာဖရိကတိုက်၊ နိုက်ဂျီးရီးယားနိုင်ငံမှာလည်း ဒီလိုပဲ ကျနော်တို့ အခုဖြစ် နေတဲ့ပြဿနာမျိုးပဲ ဖြစ်ပွားခဲ့တာ သွားပြီးတွေးမိပါတယ်။ |
|
အပြည့်အစုံသို့ ...
|
|
မျက်မှောက်ရေးရာ -
ဓာတ်ပုံသတင်း
|
ဗိုလ်ချုပ်သန်းရွှေ၏သားမက်ဟုပြောခြင်းမှာ ကောလာဟလဟု ဦးတေဇ ရှင်းလင်း ဓာတ်ပုံသတင်း စက်တင်ဘာ ၂၉၊ ၂၀၁၁ "ကျနော်က ဗိုလ်ချုပ်သန်းရွှေရဲ့ သားမက် မဟုတ်ပါဘူး။ ကျနော် လက်နက်ကုန်ကူးတဲ့လူလည်း မဟုတ်ပါဘူး" ဟု လုပ်ငန်းရှင်ကြီး ဦးတေဇက ပြောဆိုကြောင်း forbes မဂဇင်း ဆောင်းပါးတစောင်တွင် ယမန်နေ့က ဖော်ပြထားသည်။ "ဒါကြောင့် မြန်မာပြည်သားတွေ မချမ်းသာတာ။ ဘယ်သူပဲ တိုးတက်လာသည်ဖြစ်ပါစေ၊ အရမ်း မနာလို ဖြစ်ကြတယ်။ နည်းမျိုးစုံ တိုက်ခိုက်ပြီး ကောလာဟလတွေ ထုတ်တော့တာပဲ" ဟုလည်း ပြောဆိုကြောင်း ဆောင်းပါးတနေရာတွင် ဖော်ပြထားသည်။ http://www.forbes.com/global/2011/1010/feature-people-burma-showy-crony-capitalism-luxury-za-montlake.html တွင် အင်္ဂလိပ်ဘာသာ ဆောင်းပါးကို ဖတ်နိုင်သည် |
|
လူမှုရှုခင်း -
မိုးမခထံ ပေးစာများ
|
|
ဧရာဝတီ မြစ်ဆုံဆည် ဆက်မဖြစ်တည်ရ မေလေးလွင်၊ စက်တင်ဘာ ၂၉၊ ၂၀၁၁ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းတာဝန်ရှိလူကြီးမင်းများထံသို့ … ကျမက တိုင်းတပါးရောက်နေတဲ့ မြန်မာပြည်သူဖြစ်ပါတယ်။ ဘာမှ မတတ်တာမို့ တတ်တာ သိတာလေးနဲ့ပဲ ပန်ကြားပါတယ်။ မြန်မာပြည်သူ ဖြစ်တဲ့အားလျော်စွာနဲ့ မြစ်ဧရာအကြောင်း တစေ့တစောင်းမက ကြားနေခဲ့ သိနေခဲ့ရတာကိုပဲ ဆန္ဒပြုပါတယ်။ ဒီလိုပြောလို့ ငါတို့သာ သိတာမို့ပါ ဆိုရင်တော့ ကျမတို့ သုံးလူ့လောကမှာ မြတ်စွာဘုရားရှင်သာလျှင် အတုမရှိ အနှိုင်းမဲ့ အလုံးစုံ သိတော်မူသော အရှင် ဖြစ်တယ်ဆိုတာ အရင် ပြောပါရစေ။ ငါသာလျှင် အသိဆုံးဆိုရင်ဖြင့် ဘုရားရှင်နဲ့ ကိုယ့်ကို နှိုင်းယှဉ်နေမိတာမျိုး ဖြစ်သွားနိင်တာမို့ ဒီလို နှိုင်းယှဉ်မိရင်ဖြင့် အပယ်ရောက်မယ့်အရေးကို တင်ကြို သတိပေးပါရစေ။ ဘယ်သူမှ အသိဆုံး မရှိပါဘူး။ ကိုယ်တွေအသိဆုံးဆိုရင် ဒါ ကိုယ်ကျိုးတခုတည်း ဖြစ်မှာပါပဲ။ |
|
အပြည့်အစုံသို့ ...
|
|
စာပဒေသာ -
အတွေးအမြင်
|
|
နေ့စွဲမပါတဲ့ ပန်းဒိုင်ယာယီ ဘိက္ခုဓမ္မပိယ(USA) စက်တင်ဘာ ၂၉၊ ၂၀၁၁ ဒီနေ့မနက်စောစော ဘုရားရှိမခိုးခင် ဘုရားစဉ်ရှေ့မှာထိုင်နေရင်း အတွေးတစ်ခုဝင်လာတယ်။ ပန်းလေးတွေနဲ့စပ်တဲ့အတွေးပါ။ အာရုံမြင်ကွင်းက ဘုရားစဉ်ရှေ့မှာရှိနေတဲ့ ပန်းအိုးရှစ်လုံး။ ပန်းအိုး ထဲမှာရှိနေတဲ့ပန်းတွေက အရောင်စုံ၊ အသွေးစုံ။ နှင်းဆီပန်းတွေလဲပါတယ်။ သစ်ခွပန်းတွေလဲပါတယ်။ ဒေလီယာပန်းတွေလဲပါတယ်။ အခြားအခြားအမည်မသိတဲ့ပန်းတွေလဲပါတယ်။ အဲဒီပန်းအိုးတွေထဲက ပန်းအိုးလေးလုံးထဲမှာရှိနေတဲ့ပန်းတွေက ညှိုးတတ်တဲ့ပန်းတွေ။ ကျန်တဲ့ပန်းအိုးတွေထဲကပန်းတွေက တော့ မညှိုးပန်းတွေ။ ပန်းတွေရဲ့ကွဲပြားခြားနားမှုကို သတိပြုမိတယ်။ ပန်းတွေကိုအမြဲတန်း လန်းဆန်း စေချင်လို့ မညှိုးပန်းတွေကို လှူထားရော့သလားလို့လဲတွေးမိပါရဲ့။ ဘာပဲဖြစ်ဖြစ်လေ ဘုရားရှင်စင်ရှေ့ မှာတော့ ပန်းတွေနဲ့ဝေလို့။ |
|
အပြည့်အစုံသို့ ...
|
|
စာပဒေသာ -
ကဗျာ
|
|
ညီအစ်ကို မသိတသိ မဟုတ်တဲ့ အချိန် မောင်လွမ်းဏီ စက်တင်ဘာ ၂၉၊ ၂၀၁၁ တစ တစ နဲ့  အဖေ့ အထင်ပြောရရင် လေလုံးကွဲချင်လာတယ် ငါ့သား။ လူထု က ထုလူ ဖြစ် ဓမ္မက အဓမ္မ ဖြစ် သူရဲကောင်းက သစ္စာဖောက်ဖြစ် သမိုင်းထဲကလူက လူရာမ၀င်တဲ့ သမိုင်းထဲရောက် လွတ်မြောက်လာတဲ့ အကျဉ်းသားက အကျဉ်းသားပြန်ဖြစ် သမိုင်းဖြစ်ထွန်းမှုတွေက ဖြစ်ထွန်းမှုသမိုင်းမဟုတ်။ |
|
အပြည့်အစုံသို့ ...
|
|
မျက်မှောက်ရေးရာ -
ခွဲခြမ်းစိတ်ဖြာ
|
|
ရွှေဝါရောင်တော်လှန်ရေးအတွက် ပေးဆပ်ခြင်းရဲ့ ရလဒ် ဦးလင်း(ကပ္ပိယကြီး) စက်တင်ဘာ ၂၉၊ ၂၀၁၁ ရင်ထဲမှာအစ်နေဆဲ…။ ပစ်ခတ်တဲ့ သေနတ်သံတွေနဲ့ အတူရွတ်ဖတ်နေတဲ့ မေတ္တာသံတွေက လျှံနေဆဲ…။ ပြည့်အန်နေတဲ့ မျက်ရည်တွေကြားမှာတော့ နီစွေးစွေးသွေးကွက်ကြီးနဲ့ ပရမ်းပတာ ဖိနပ်တွေက ရွှေ့လို့မရ ဖယ်လို့မရနဲ့..။ လေးနှစ်ကြာခဲ့ပြီဆိုပေမဲ့ ပြေးလွှားနေကြတဲ့ သင်္ကန်းဗလာနဲ့ ပုံရိပ်တွေက ခန္တီစပါရမီတွေကို နှောက်ယှက်နေဆဲပါပဲ…။ အော် ရွှေဝါရောင်ပန်း မေတ္တာလွှမ်းသော်လည်း နွမ်းကြွေခဲ့ရပေပြီ။ အဘယ်ကြောင့်များ--ရွှေဝါရောင်ပန်း လန်းဆန်းသော်လည်း လက်ကမ်းကြိုသူ မဲ့ခဲ့ရသလဲ…။ ဒီညမှာလဲ ကျနော် တွေးနေဆဲပါ။ |
|
အပြည့်အစုံသို့ ...
|
|
မျက်မှောက်ရေးရာ -
သူတို့အာဘော်
|
အစိုးရ ထဲ ၂ ပိုင်းကွဲနေ၊ ပိတ်ဆို့မှုကြောင့် တရုတ်အစိုးရကို ပိုမို မှီခိုရမည်ဟုဆို မာစတာစီဒို စက်တင်ဘာ ၂၈၊ ၂၀၁၁ အကျဉ်းသားလွှတ်ပေးမည်၊ ဒဏ်ခတ်မှု ရပ်ပါ ဟု ယမန်နေ့ ပြောနေသာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး (ဓာတ်ပုံ - Getty Images)
|
|
အပြည့်အစုံသို့ ...
|
|
မျက်မှောက်ရေးရာ -
ဓာတ်ပုံသတင်း
|
|
အင်န်အယ်ဒီ ၂၃ နှစ်မြောက် မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ညီညွတ်ရေးအတွက် အမှာစကားပြော တာရာဝေယံ၊ စက်တင်ဘာ ၂၈၊ ၂၀၁၁ ယမန်နေ့ နံနက် ၁၁ နာရီက စတင်တဲ့ အင်န်အယ်ဒီ ၂၃ နှစ် မြောက် အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရုံးချူပ်မှာ ကျင်းပခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်တို့က အမှာစကားပြောကြားခဲ့ကြပြီး အင်န်အယ်ဒီပါတီ ၂၃ နှစ်တာကာလ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေကို စပ်ဆိုသော တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ကြကြောင်း သိရှိရပါတယ်။ |
|
အပြည့်အစုံသို့ ...
|
|
|
မျက်မှောက်ရေးရာ -
သတင်းဖတ်စာ
|
|
ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ ၃ ထုတ်ပြန် တာရာဝေယံ၊ စက်တင်ဘာ ၂၈၊ ၂၀၁၁ "ထလော့ မြစ်မင်းဧရာ" အစချီထားတဲ့ ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေးပန်ကြားလွှာ ၃ ကို မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ကြောင်း ကြားသိရပါတယ်။ ထိုပန်ကြားလွှာတွင် ဧရာဝတီမြစ်ကြီးသည် လူတို့၏ ပယောဂများကြောင့် အမျိုးမျိုးပျက်စီးနေရာမှ မြစ်ဆုံရေကာတာတည်ဆောက်ရေးလုပ်ငန်း၏ အန္တရာယ်ကို ပညာရှင်များ၊ ပြည်သူများက ကန့်ကွက်နေသည်ကို ကြားရသောအခါ ထိုကိစ္စသည် မြန်မာ့အလှ၊ မြန်မာ့သဘာဝ၊ မြန်မာ့ဘ၀ကို ဖျက်ဆီးနိုင်သည်သာမက မြန်မာနှင့် အာရှဒေသငြိမ်းချမ်းရေးကိုပါ ထိခိုက်ပျက်စီးစေနိုင်သည်ဟု ယူဆသဖြင့် လေးနက်စွာ ကန့်ကွက်လိုက်ပါကြောင်း၊ ဧရာဝတီမြစ်ဆုံရေတွေ စီးပါစေ၊ ကျည်ဆံတွေ မစီးပါစေနှင့် …" ဟု ဖော်ပြထားကြောင်း ဖတ်ရှုရပါတယ်။ |
|
အပြည့်အစုံသို့ ...
|
|
|
မျက်မှောက်ရေးရာ -
သတင်းဖတ်စာ
|
|
အကျဉ်းသားများထပ်လွှတ်ပေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးပြောဆို AFP သတင်းဌာန စက်တင်ဘာ ၂၈၊ ၂၀၁၁ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးက အကျဉ်းသားများကိုထပ်လွှတ်ပေးဦးမည်ဟု ယမန်နေ့က ပြောဆိုလိုက်သည်၊ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုရှိမရှိကို ရှင်းလင်းခြင်း မရှိပါ။ အရပ်သားအစိုးရ အာဏာရပြီးနောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပထမဦးဆုံး ပြောကြားသည့် မိန့်ခွန်းတွင် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံတကာ၏ဒဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းရန်လည်း ပန်ကြားလိုက်သည်။ နိုင်ငံတကာတွင် မျက်နှာကောင်း ရစေရန်အတွက် ဆက်လက် ပြောကြားသည်မှာ - စစ်တပ်ကထောက်ခံသည့် သမ္မတဦးသိန်းစိန်ထုတ်ပြန်သော ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား နှစ်သောင်းဝန်းကျင်ကို လွှတ်ပေးလိုက်ပြီးဖြစ်သည်ဟု ဆိုသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
သောင်းပြောင်းထွေလာ -
ဝေဖန်ရေး
|
|
ဒေါက်တာသန်းထွဋ်အောင်သို့ အိတ်ဖွင့်ပေးစာ တူမောင်ညို စက်တင်ဘာ ၂၇၊ ၂၀၁၁ (၂၆ စက်တင်ဘာ) မနေ့က ရန်ကုန်မြို့မှာ လူ၂၀၀ ခန့်ပါဝင်တဲ့ စီတန်းလှည့်လည်တဲ့ ဆန္ဒဖေါ်ပြပွဲတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ ၂၀၀၇ခုနှစ်၊ ရွှေဝါရောင်နှစ်ပတ်လည် အထိမ်းအမှတ်လို့ ပြောသူကပြောပါတယ်။ အဝါရောင်တီရှပ်တွေလည်းတူညီဝတ်ဆင်ထားကြပါတယ်။ ဒီပွဲမှာ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေ၊ ၈၈မျိုးဆက် ကျောင်းသားမိသားစုဝင်တွေ၊ အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့က အဖွဲ့ဝင်တွေပါ တယ်လို့ ဆိုပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီးပြောကြသူတွေထဲမှာ (EMG)ရဲ့ (CEO) ဒေါက်တာသန်းထွဋ်အောင် ပြောတဲ့စကားတွေက သိပ်ကို တရားလွန် လွန်းပါတယ်။ဘယ်လောက်လွန်သလဲ သိရအောင် သူပြောတာတွေကို အရင်ဖေါ်ပြပါမယ်။ ပြီးမှမေးခွန်း ထုတ်ကြတာပေါ့။ |
|
အပြည့်အစုံသို့ ...
|
|
|
စာပဒေသာ -
ကဗျာ
|
|
ငြိမ်းချမ်းရေး နီလွင်သွေး(ဒဿနိက) စက်တင်ဘာ ၂၇၊ ၂၀၁၁ ငြိမ်းချမ်းရေးဆိုတာ လက်တဖက်ထဲနဲ့လက်ခုပ်တီးသလိုမျိုး မဟုတ်ဘူး ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သူမသေခင် ငြိမ်းချမ်းရေး ရသွားတာမြင်ချင်တယ်တဲ့ ဆရာဒဂုံတာရာလည်း ငြိမ်းချမ်းရေးလှုပ်ရှားမှုလုပ်ရမယ်လို့ ပြောပြီ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှု ပြည်သူ့အကျိုးစီးပွါးကို ရှေးရှု့မျှော်မှန်း ငြိမ်းချမ်းရေးခရီးရှည်လမ်းကို ခက်ခက်ခဲခဲဖြတ်သန်းလို့ ။ |
|
အပြည့်အစုံသို့ ...
|
|
|
မျက်မှောက်ရေးရာ -
သူတို့အာဘော်
|
|
ရှေ့တဆင့်တိုးကြရတော့မည့် ဧရာဝတီအရေး မျိုးမြင့်မောင် စက်တင်ဘာ ၂၇၊ ၂၀၁၁ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားဆောင်ရွက်သူများ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူအသိပညာရှင်၊ အတတ်ပညာရှင်များ၊ စာပေအနုပညာရှင်များ စသည့် ဧရာဝတီကိုချစ်မြတ်နိုးသူများ၊ ဧရာဝတီ၏ ပစ္စုပ္ပန်နဲ့အနာဂတ်အရေး ရတက်မအေးကြသူများက စတင် ဆော်သြလိုက်သော “ဧရာဝတီအရေး” သည် အဆင့်တစ်ခုသို့ ဆိုက်ရောက်ခဲ့ပါပြီဖြစ်ပါသည်။ ရှေ့သို့ဆက်ကြရဦးမည်။ ရှေ့တဆင့် တိုး ကြရတော့မည်။ ရပ်တန့်နေ၍ မရတော့ပါ။ |
|
အပြည့်အစုံသို့ ...
|
|
|
မျက်မှောက်ရေးရာ -
သတင်းဆောင်းပါး
|
|
ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲနဲ့ လှုပ်ရှားမှုများ တာရာဝေယံ၊ စက်တင်ဘာ ၂၇၊ ၂၀၁၁ ယမန်နေ့ စက်တင်ဘာ ၂၆ မနက်ပိုင်းက ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် ကုသိုလ်ပြုအလှူဒါနများနဲ့ ဆုတောင်းပွဲကို နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်၊ မိခင်ဧရာဝတီကို ကာကွယ်စောင့်ရှောက်ကြသူများ ကွယ်ယက်နဲ့ ဒီမိုကရေစီရေး ဆောင်ရွက်နေကြသူများက ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ |
|
အပြည့်အစုံသို့ ...
|
|
|
မျက်မှောက်ရေးရာ -
သတင်းဖတ်စာ
|
ရွှေဝါရောင်နှစ်ပတ်လည် ၀တ်ပြုဆုတောင်းပွဲ ဦးဆောင်သူ အချို့ဖမ်းဆီးခံရ ခင်နှင်းလွင်၊ ရန်ကုန် စက်တင်ဘာ ၂၆၊ (ည ၁နာရီ) ၄နှစ်မြောက် ရွှေဝါရောင်နှစ်ပတ်လည်နေ့တွင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက်ဆုတောင်းပွဲကို ဦးဆောင်ခဲ့သူ အချို့ကို ညပိုင်းတွင် လာရောက်ဖမ်းဆီးခဲ့သည်ဟု နီးစပ်သူများ၏ ပြောဆိုချက်အရ သိရသည်။ ဆူးလေ ဘုရားတွင် ၀တ်ပြုသည့် လှုပ်ရှားမှုများပြုလုပ်ခဲ့သော အင်္ဂါ ၀တ်ပြုဆုတောင်းသူများ အဖွဲ့မှ ဒေါ်နော်အုန်းလှနှင့် တွံတေးမှ မစန္ဒာတို့ကို အာဏာပိုင်များက ယနေ့ ညတွင် လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု သိရှိရသည်။ “ မစန္ဒာကို သူ့နေအိမ်မှာပဲ ညဘက်လာခေါ်သွားတယ်လို့သိရတယ်“ဟု နီးစပ်သူတစ်ဥိးက ပြောပြသည်။ ဆုတောင်းပွဲတွင် ပါဝင်သူများအနက် မစန္ဒာနှင့် ဒေါ်နော်အုန်းလှ တို့ကိုသာ ခေါ်ဆောင်သွားသည် ဟု လည်း ယနေ့ည သန်းခေါင်ချိန်အထိ ရရှိသည့် သတင်းများအရ သိရသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
သောင်းပြောင်းထွေလာ -
ကာတွန်း Box
|
|
ခလုပ်ထိမှ ... သတိရ ... ကာတွန်း - ကူမိုးကြိုး စက်တင်ဘာ ၂၆၊ ၂၀၀၁
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
| Results 1 - 18 of 7952 |